အသက် ၃၀ မှာ ဘဝက
ဖြောင့်ဖြောင့်ကြီးမသွားတော့ဘူး။
ကွေးကွေးကြီးသွားတယ်
ကောက်ကောက်ကြီးသွားတယ်
ကန့်လန့်ကြီးသွားတယ်
တွန့်တွန့်ပြီးသွားတယ်
ရှပ်ထွေးပွေလိမ်ပြီးသွားတယ်
လေပေါ်ပျံပြီးသွားတယ်
မြေထဲလျှိုးပြီးသွားတယ်
တွားသွားပြီးသွားတယ်
ရေငုတ်ပြီးသွားတယ်
အမြင့်ထိတတ်ပြီးသွားတယ်
ဇောက်ထိုးကျပြီးသွားတယ်
မသေရုံတစ်မယ်
လိမ်ဖယ်လိမ်ဖယ်နဲ့
ရှူကယ်ရှူကယ်သွားနေရတယ်။