ပန်းတစ်ပွင့်လောက်မှ
မရဲရင့်ကြ
ငါတို့ဘဝတွေ။
သေတစ်နေ့၊ မွေးတစ်နေ့ပေါ့
ပန်းတစ်ပွင့်လို မပွင့်လန်းရဲ၊
ပန်းတစ်ပွင့်လို မမွှေးပျံ့ရဲ၊
ပန်းတစ်ပွင့်လို မကြွေနွမ်းရဲ၊
ဘာကိုမှ မရဲတရဲ
ပလက်စတစ်ပန်းတွေလို
ပုံမပျက်
သေလျက်ရှင်သန်ဖို့အရေး
ကြိုးစားနေကြသ၍။
(၉ နာရီ ၂၁ မိနစ်၊ ၂၄ မတ် ၂၀၂၃)