ထို့နောက် သူမ ဘယ်သောအခါမှ ပြန်မလာတော့ပါ
မျက်ရည်များစွတ်စိုနေသော ပြက္ခဒိန်စာရွက်တချို့ ဆုတ်ဖြဲခဲ့ရသည်
အချိန်ကာလတစ်ခု၌ မေလသည် ဆောင်းတိုင်အောင်ရှည်လျား၏
အလွမ်းသည် အချစ်ထက်ပို၍စစ်မှန်ခဲ့လေပြီ။