မြစ်က စွန့်ပစ်ခံရတဲ့ မြစ်ကျိုးအင်းတစ်ခုလို
အချစ်တွေနဲ့ ငါ့ကို
ချန် ထားခဲ့ပြီး
အချစ်တွေနဲ့ပဲ
မင်း ဆက်လက်စီးဆင်းနေ။
ငါရေးသမျှကဗျာဟာ
မင်းမျက်ဝန်းတွေပဲ
မင်းလမ်းလျောက်သွားလို့ ကျန်နေရစ်တဲ့
ခြေရာတွေက အစ ပေါ့။
ထားပါတော့
ကျောခိုင်းသွားမှာစိုးလို့
မျက်နှာချင်းဆိုင်ထားပြီးမှ
ငါ့ကျောဘက်မှာ
မင်းက အခြားအိပ်မက်တစ်ခု ကို မျှားရင်း ။ ။
( 20/2/2009 )