မြားချက်

မောင်ချောနွယ်ကဗျာလည်းမဟုတ်
မောင်သိန်းဇော်ကဗျာလည်းမဟုတ်
ဘဝက လျှပ်စစ်မီးလို
ဘယ်အချိန်လင်းပြီး ဘယ်အချိန်ပိတ်မလဲမသိရ
မင်းဆံနွယ်စတွေမှာ ငါ့ ဘဝကိုချိတ်သီ
ငါ လူဖြစ်ပြီလား။

မရေရာတဲ့ ပြဇာတ်မို့
အင်ဂျင်ကို သပ်ခဲ့တယ်၊
လေတွေတိုက်တိုင်း
မိုးတွေရွာတိုင်း
လက်မောင်းထဲ စီးနေတဲ့ သွေးစက်တိုင်း
မင်းမျက်ဝန်းတွေပါနေတုန်း။

တဖန်
နောက်ကျောပြန်လှည့်လာရာမှာ
ဒဏ်ရာတွေကအပြည့်

ငါ့ကိုမေ့ပါ
သီချင်းတွေမဆိုပါနဲ့
ကဗျာတွေ မဖတ်ပါနဲ့တော့။

🗓️19/08/2021