ဝေဒနာတွေစိုးရိမ်အမှတ်
ငါ့ကိုယ်ငါတည့်မတ်ဖို့ခက်နေတယ်
လောကဓံဟာ တို့ငယ်ငယ်တုန်းကလို
ပန်းပေးပြီလို့လည်းပြောလို့မရ
မျှော်လင့်ချက်တစ်သီတစ်တန်းနဲ့
ဘဝကိုကံစမ်းခဲ့ပြီးမှ
ငါ့ကြမ္မာ
ဘာနက္ခတ်တွေများလာမှားနေသေးရဲ့
စောင်းနေတဲ့ကမ္ဘာကြီးမှာ ငါ့ကိုယ်ငါတည့်မတ်လို့မရ။
(27/07/2010)