သူမဟာ မင်းသမီးတစ်လက်ဖြစ်တယ်။
သူမဟာ ဓားတစ်လက်လည်းဖြစ်တယ်။
သူမဟာ ကြယ်တစ်စင်းဖြစ်တယ်။
သူမဟာ မြားတစ်စင်းဖြစ်တယ်။
သူမဟာ ကဗျာတစ်ပုဒ်ဖြစ်တယ်။
သူမဟာ စစ်ပွဲတစ်ပွဲဖြစ်တယ်။
သူမဟာ နေ့ရက်တစ်ရက်တည်းရှိတဲ့
ကမ္ဘာလေးတစ်ခုဖြစ်တယ်။
ကျွန်တော်ရောက်လာခဲ့ပြီးတဲ့ လများစွာအတွင်းမှာ
(ဒီနေ့ထက်ထိ)
ငြီးငွေ့စရာကောင်းလှတဲ့ ထပ်တူကျနေ့ရက်တွေထဲ
သူမ
ချိုးခြံချွေတာစွာ နေထိုင်နေပါတယ်။