အလွမ်းဟာ
စက္ကန့် မိနစ်မရွေး
မိုင်ရာချီပြေးတယ်။
သူမ ထင်မှတ်မထားတဲ့ အခိုက်အတန့်လေးတွေထဲမှာပဲ
ဘဝဟာ တဖြည်းဖြည်း
ကျွံကျ နစ်ဝင်သွားခဲ့ရပေါ့။
တိမ်ခိုးမဲ့ ညဉ့်သန်းခေါင်ယံ
ည…
တစ်ညလုံးမှာ
ကြယ်တစ်လုံးပဲ လင်းခဲ့တယ်။