အလွမ်းဇာတ်

အလွမ်းကို အလွမ်းနဲ့သာပဲ ကု ရ
အလွမ်းတွေ တောရိုင်းထ

ကဗျာတစ်ခက် နွေနေထက်
ချိတ်ဆွဲ
ညက အိပ်မက်လေး ရှေ့မှာ
ဖြတ်အပြေး
အခန်းရှေ့ ဝေ့ဝိုက်
လေတိုက်တိုင်း ဒဏ်ရာရ။   ။

( 10/3/2009 )

🗓️10/03/2009