about life

ဘဝ က ရွက်ကြမ်းရေကြို

နေပူတာမငိုဘူး
ရင်ပူလို့ ငိုတယ်

တောမှာပဲ ခိုခို
မြို့မှာပဲ ခိုခို
လူတစ်ကိုယ် နေရာအတွက်
ဆူးခင်းတဲ့ညတွေ နေ့တွေ
ဘဝ နဲ့ ခင်း ၊ နင်းလို့ဖြတ်
အသက်ကို ဆက်ရမယ် ။

ကွယ် …
စကြာဝဠာကြီး ဘယ်လောက်ကျယ်ကျယ်
သံသရာတွေ လည်နေသ၍
ဒုက္ခကို သကာဖုံး
ပြုံး လို့ သာ နေရတယ် ..။ ။

( 0:27 – 22/4/2013 )

🗓️22/04/2013