ဧကရီ

ဧကရီရေ…
နွေအမှီကွဲပြချင်နေတဲ့
ငါ့အသည်းကိုလည်း ပန်ဆင်ပါ။

ဧကရီရေ…
လေပြေတွေတိုက်ခတ်
ဟောဒီနွေရက်တွေမှာ
မိုးစက်ကိုသာ အလိုရှိရင်
ဝင်ရိုးစွန်းဒေသထက်
လက်ဆက်အေးမြတဲ့
ငါ့ မျက်ရည်စတွေ
ရွာချပေးပါရစေ။

ဧကရီရေ…
ရီဝေဝေအပြုံးတွေထဲမှာ
စကားလုံးတွေကွဲရှ
အဲဒါ မာန လားကွယ်။

ဧကရီရေ…
နေခြည်တွေဖြန်းပတ်
ဒီမနက်မှာပဲ
ငါ သေဆုံးသွားခဲ့ပါတယ်။

(ကျောင်းသားဘဝ အပျော်တမ်းကဗျာများမှ)

🗓️21/02/2006