ယုံစားလိုက်
အဲဒီ
ပုံမှားရိုက်ထားတဲ့ စကားတွေကို
သူ့ အလိုကျ။
စကားရှာ
သွားစရာရှိလို့တဲ့
ကျန်နေရစ်ခဲ့ရ
သူ့ အလိုကျ။
စကားလုံးတွေ
အပြုံးတွေထည့်
မမြင်ချင်တဲ့သဘော
မာကျောခက်ထန်
နှုတ်ဆက်ရန်မဖြစ်
ရုတ်တရက် ပြန် လစ်ခဲ့ရ
သူ့ အလိုကျ။
သူ့ အလိုကျ
အခု ငိုရ
အခု ရယ်ရ
တစ်ကယ်ကျ
ဆယ်ဘဝစာ မုန်းနေတဲ့
သူ့မျက်လုံးအပြုံးကိုရဖို့
နှလုံးအကြေမွခံမယ့်ဘဝ
ဪ…
သူ့ အလိုကျ။
(ကျောင်းသားဘဝ အပျော်တမ်းကဗျာများမှ)