Brand

တံဆိပ်

ညဟာ…
(သူ့ကိုယ်သူ) ညဖြစ်ကြောင်း
‘လ’ ကို  ဆောင်းလို့။

ဆောင်းဟာ…
(သူ့ကိုယ်သူ) ဆောင်းဖြစ်ကြောင်း
‘နှင်း’တွေကို  ခြုံလို့။

ငါဟာလည်း
ငါဖြစ်ကြောင်း

အလွမ်းတွေ ပွေ့ပိုက်လို့ပေါ့။    ။

🗓️24/09/2011