အက်ကြောင်းများ

မျက်ရည်ပေပဲ
ကဗျာထဲက စိမ့် ကျ လာ။

တောင်ကုန်းလေးပေါ်
သစ်ပင်လေးအောက်
တို့ ခြေထောက်တွေညောင်းလာတဲ့အထိ
နေပူကြီးမှာပဲ
ဘဝဟာ ပန်းလိုလန်းခဲ့ကြရပုံ။

စီးကရက်အတိုတွေများလာတာ မင်းမကြိုက်ဘူး
တစ်ကယ်တမ်း
ငါ့ကျန်းမာရေးကိုထိခိုက်စေတာက
မင်းသတင်း အစအနတွေ။

ချစ်လျက်နဲ့ငါ
ချစ်လျက်နဲ့မင်း
ကံကြမ္မာဆိုးတွေက လေကလေးတချွန်ချွန်နဲ့
မိုးတွေရွာနေဆဲ
တို့ဘဝတွေ။

🗓️09/06/2010