ညနက်
ည ကို အလှပျက်စေခဲ့တာ
ဒီ မိုးပေါ့၊
ကောင်းကင်ကြီးမည်း… လို့
ကြယ် လည်းမရှိ
လ လည်း မရှိ
ဘယ်ကြည့်ကြည့်
တကယ်ရှိနေတာက
ငါ့ အလွမ်းတွေ ။
ယိမ်းနွဲ့လှုပ်ရှား
ကိုင်းဖျားလေးတွေမှာ
မိုးစက်တွေသာ ခိုစီးနေကြရင်
ဆူညံပေါက်ကွဲ
ဟော! ဒီရင်ထဲမှာတော့
မင်းနာမည်တွေပေါ့ကွာ။
ချစ်သူရာ
ဒီအတိုင်းပဲရပ်ပြီး
ဒီအတိုင်းပဲ ဆက်သွားဖို့
မျက်ရည်တွေ စို့ စို့လာရ
ဘဝကြမ်းအခွံကြီးထဲ
အလွမ်းနွံချည်းပဲနစ်နေတော့မှာ။
မကယ်ပါနဲ့
ဖယ်ခွာခဲ့သူ
အပူကူလို့မှောင်တဲ့ည
ဒီထက်ပို နက်ပြနိုင်ဦးမလား..။ ။