ဒါလီသီချင်း
စီးကရက်တစ်လိပ်လို ရှိုက်ပစ်လိုက်လို့လည်း
ဒီအချစ်က ကုန်သွားတာမဟုတ်လေတော့…
ပုစဉ်းရင်ကွဲတွေလို
မင်းနာမည်တွေကို
ရင်ကွဲခံပြီးအော်၊
သိလား?
အာဆင်နယ်-မန်ယူ ထက် ပို အရေးကြီးတဲ့ ကိစ္စ
မင်း ခြေလှမ်းကို ဘယ်ကစလှမ်းသလား
ညာက စလှမ်းသလား။
အက်ဒီဆင်သာ မရှိခဲ့ရင်
ညတွေဟာ ညတွေအတိုင်း လား…
မင်းသာ မရှိရင် တော့
နေ့တွေဟာ ညတွေအတိုင်း
အိပ်မက်တွေဟာ
မင်း လက်ဖဝါးနုနုလေးတွေ အကြောင်း
မင်း ဆံနွယ်မွှေးပျံ့ပျံ့တွေအကြောင်း
ဒါနဲ့ပဲ…
ဘဝတစ်ခုလုံးကို
မင်း ပါးချိုင့်လေးထဲ ပစ်ထည့်လိုက်ပြီး
ကိုလေးဖြူကြီးလို…
‘သိမ်ငယ်နေပြီ ဒါလီရေ..’ ။ ။
၅၊၅၊၀၉