အလွမ်းနဲ့သာပဲ … တဲ့
အဆုံးသတ်ကို လှမ်းမြင်နေရတယ်
ဆိုတော့
ကိုယ်တိုင်ကမှ
ထိလွယ် ရှလွယ်
ကြွေလွယ် နွမ်းလွယ်။
မိုးမလင်းမီစပ်ကြား
နှစ်ပါးသွားပြီး လက်ကျန်ငိုချင်းရှည်
ရာသီစာမှာ
နွေဦးမိုးရယ်နဲ့
နွေဦးမျက်ရည်ရယ် နဲ့
ည ကို ထိုးခွဲလိုက်တဲ့သီချင်းသံက
မျက်ရည်ပြဇာတ်
မသွားပါနဲ့ဦးလို့
မြားရှေ့မှာ ရင်ဘတ်ကြီး ကန့်လန့်ခံ
ကွယ်…
အချစ်ချည်း သက်သက်နဲ့ ဆိုတော့လည်း။ ။
( 17/3/2009 )