ပျယ်လွင့်သွားသော ရွှေရောင်တိမ်တိုက်များ
မကြင်နာလို့ပဲဖြစ်ဖြစ်
ရင်နာလို့ပဲဖြစ်ဖြဖြစ်
တို့တွေ..
ချစ်ပြခဲ့ကြတာပဲ။
မဆုံနိုင်တဲ့လမ်းကိုမှ
အိပ်မက်တွေဆမ်း
ခါးသီးမှုတွေ နမ်းခဲ့ရ
စိတ်ကဗလာ။
ကွဲကွာကြလေသော
ခွဲခွာရလေသော
ဘဝတွေများစွာကိုယ်စား
မျက်ရည်နဲ့ပါးပြင်ကိုလည်း
ငါ အားနာမိ။
သစ္စာတွေ အထပ်ထပ်လည်း
မေတ္တာဖြေဖျက်လေတော့
နွေရက်ရှည်ထဲမှာ
ဝိညာဉ်တစ်စုံလွင့်နေဆဲပ
ချစ်ခြင်းများ ဇီဝိန်ကြွေ။
ဆန္ဒရယ်… ဘဝရယ်
ထပ်တူထပ်မျှမကျတဲ့အခါ
ပျော်စရာတဒဂ်
လှိုင်းကြက်ခွပ်ရေမှာထသလို
နိဒါန်းစဆဲအချစ်
နုနယ်ပျိုမျစ်တုန်းမှာပဲ
နေဝင်ခဲ့ရပြီ။ ။
၃:၃၀ pm
18,6,2011/sat