ကာရန်အလွဲ
စိတ်ကူးတွေသွန်မှောက်
ကာရန်က ပျောက်နေဆဲ။
ဘယ်မှာလဲ?
ဘယ်နေရာလဲ?
အတိအကျဆိုပေမယ့်
အမိအရမှ မပြနိုင်သေးဘဲကိုး၊
အတွေးတွေ..
ရေးနေလည်း
အဆွေးတွေပဲ။
အိပ်လည်း
စိတ်စွဲ
အရိပ်အကဲ
နိမိတ်လည်း မဖတ်တတ်၊
နောက်တစ်ရက်လာလည်း
နောက်ထပ်သာဆွေးရမယ်။
အတွေးတစ်စ
ရေးချမိတော့
ဝေးမှပဲ ပိုပိုသိလာတယ်
ရင်မချိစရာပါ့
နင်မသိတာက
ငါ့မှာ..
တစ်ဘဝစာ ကာရန်လွဲ။ ။