မျိုးဆက်

ကောက်ရိုးတွေကိုပဲ ထမ်းလာခဲ့ကြ
ခေတ်တွေ တစ်ခေတ်ပြီးတစ်ခေတ်

Globalization ဆိုတာကြီးထဲ
မျက်စေ့သူငယ်၊ နားသူငယ်
အမေက အသက်(၆၀)။

ကြာတော့လည်း…
စက္ကူတွေနဲ့ လူတွေနဲ့
ဆူးတွေများသမျှ ကာလပတ်လုံး
ငါတို့ဟာ
မျှော်လင့်ချက်အပြည့်နဲ့
ပေတစ်ရာကိုလည်း နမ်းခဲ့ကြရ၊

ငါတို့ဟာ
တို့ခြေလက်တွေနဲ့
သမိုင်းစာမျက်နှာတွေပေါ် ကုတ်ခြစ်ခဲ့ကြ။

လက်ပံတွေ တစ်နှစ်ပြီးတစ်နှစ်ပွင့်သလို
တို့တွေ ရဲရဲနီခဲ့၊
ရာစုနှစ်ပေါင်းများစွာမှာ
ကိုယ့်ရုပ်ကြွင်းကိုယ် ပြန်တူးဖော်ကြည့်ရင်
မရှက်မိရအောင်
ကလေးတွေကို ထမင်းခွံ့ခဲ့ဖို့ လိုတယ်။

( ဒေါ်အောင်ဆန်းစုကြည် အသက်(၆၀) ပြည့် အမှတ်တရအဖြစ် ရေးသားခဲ့ခြင်းဖြစ်သည်။ )

🗓️19/09/2015