ငါက သိုးမည်း
ဘယ်တော့မှ ပြန်လည်ကောင်းမွန်လာမှာ မဟုတ်တော့တဲ့
ချို့ယွင်းနေမယ့် စက်တစ်ခုပဲ။
ဘဝတို့ မိုးရေစက်တွေထဲ
ပစ်စလက်ခတ် ကျေမွ
ငါ့အနားမှာ အချစ်သီချင်းအကောင်းစားတစ်ပုဒ် သီကျူးနေဖို့မလိုဘူး
ကျိန်စာမိနေတဲ့ လမ်းတွေထဲကိုပဲ
တစ်လှမ်းချင်း တိုးဝင်။
မြားတစ်စင်းရဲ့ အဟုန်နဲ့
လှလှပပ ကွဲရှခဲ့တဲ့နေ့တွေမှာ
ဟန်နီ
ပိတောက်တွေ ရာသီမှားပြီးမှ ပွင့်ခဲ့ကြတယ်။
ခုတော့ မထူးဘူး
ရထားဟာ သံလမ်းကိုစွန့်ခွာမရတော့တဲ့အဆုံး
သံသရာတစ်ခုလုံးစာ အရေခွံဖုံးအုပ်
ကြိုးရုပ်ဘဝနဲ့ အဆုံးမဲ့ရွက်ကိုလွှင့်လေတယ်
ဟန်နီ မြင်ကြည့်စမ်းပါလှည့်
နှလုံးသားမဲ့ တိမ်တိုက်တွေ။
တနင်္ဂနွေ နံနက် (၁၂) နာရီ (၂၉) မိနစ်၊ မေ(၂၄)ရက်၊ (၂၀၁၅)ခုနှစ်။