life 1 2 3

ခေါင်းစဉ်က အစ လွမ်းစရာ မကောင်းဘူး
နေ့ထဲ
အသက်ရှိသ၍ ရွေ့ ရတယ် ။

အတ္တနဲ့ ပြည့်ကျပ်ပုပ်လှောင်
သံဘောင်နှစ်ခုကြား
ကြားကန်သွားလာနေရတဲ့ ရထားလေးလို
ငါ့ နေ့တွေ ငါ
ပြန် သနားမိရဲ့ ။

သစ်ရွက်စိမ်းတွေ မကြွေဘူး ၊
သစ်ရွက်ခြောက်တွေလည်း မကြွေဘူး
ရာသီတိုင်း
ဘဝထဲက ဘဝအပိုင်းအစတွေပဲ ကြွေ ကျ တယ် ။

အတုယောင်တွေဖန်ဆင်းထားတာမို့
အရာရာတိုင်းကို ငါ မခံစားတော့ဘူး
မျက်လုံးစုံမှိတ်
စိတ် ကိုပဲ ပျံသန်းဖို့ကြိုးစားကြည့်တော့မယ် ။

🗓️22/04/2013