သောက်လက်စကော်ဖီက လျာပေါ်ဖြတ်အစီးမှာ
ခုန်နေတဲ့နှလုံးသား ရပ်တန့်မသွားဖို့ မသေချာဘူး။
ဘယ်နေ့ပြန်လာမှာလဲ မသေချာဘူး။
ဘယ်နေ့သွားမှာလဲ မသေချာဘူး။
ဘယ်ကိုသွားမှာလဲ မသေချာဘူး။
မသေချာဘူး မသေချာဘူး
သေချာတာတွေတောင် မသေချာဘူး။
ကိုယ့်ကိုကိုယ် ဘယ်အချိန်သေရမှာလဲတောင် မသေချာဘဲ
မနက်ဖြန်မနက် ၁၁ နာရီခွဲ
သူမကိုတွေ့ဖို့ ချိန်းထားလိုက်မိသေးရဲ့။