Only You (2)

နင်ဟာ…
ဘဝ
ငါ့ ရှိသမျှ
ခွန်အား
ဝပ်တွား
ကိုးစားရာ။

နင်ဟာ…
အလင်း
ငါ့ ရင်တွင်း
ဂူသွင်း
သော့ခတ်
ငါ့ စိတ်ဓါတ်တို့ ဖြစ်တည်ရာ။

နင်သာ…
တစ်ဦးတည်း(ထဲ)
ငါ့ အိပ်မက်ထဲ
စွဲမြဲ
ငါ့ကမ္ဘာထဲ
မခေါ်ရဲပေမယ့် …

နင်သာ…
အစဥ်ထာဝရ။

(ကျောင်းသားဘဝ အပျော်တမ်းကဗျာများမှ)

🗓️19/09/2005