စာမျက်နှာတစ်ဆယ့်ငါး

အတိတ်ဟာ
ဟိုး… တစ်နှစ်က နွေရာသီရယ်လို့ ပြောစမှတ်တွင်ရစ်မယ့်
ရာဇဝင်ဟောင်းတစ်ခုအဖြစ်
ညထဲမှာ သိုသိုသိပ်သိပ်။

လေတိုက်တိုင်း ရင့်ရော်လာနေတဲ့ နာရီလက်တံတွေနဲ့အတူ
အရာရာဟာ ခြောက်ခြောက်သွေ့သွေ့
စကားလုံးတွေ ခြောက်ခြောက်သွေ့သွေ့
မျက်ဝန်းနက်တွေ ခြောက်ခြောက်သွေ့သွေ့
ဒီလိုနဲ့
အလွမ်းကို မျက်နှာချင်းဆိုင်ရင်း ရွေ့ခဲ့တယ်။

ကြယ်ရောင်အောက်မှာပဲ
အတိတ်ဟာ
အငွေ့ပျံနေဆဲ။

( 27-09-2015 – 12:56 am )

🗓️26/09/2015