Spring Tree

ပန်းတွေ နွမ်းနေမှ
ရေမရှိတော့မှန်း သိလိုက်ရသလိုမျိုး
တစ်ခါတစ်ခါကျ
မနက်အိပ်ရာ ထ တာတောင်
အိပ်မက်တစ်ခုကို မြင်ယောင်နေတုန်း
မျက်လုံးအိမ်မဖွင့်ခင်
သူ့ကို အရင် မြင်မြင် နေရ
သဘာဝ တစ်ခုလို။

ဒဏ်ရာရ နေ့ရက်တွေများ
စီးကရက်မီးညှိထားတာကို
လေတိုက်ခံရသလို
အို …
အရာအားလုံး
ပြီးဆုံးပြီ … ပြီးဆုံးပြီ ဆိုမှ
ငိုရ
ထို … ခဏမှာပဲ
အလဲလဲ အကွဲကွဲ
ဒါတောင်
အသဲထဲ စွဲမြဲစဲ တဲ့။

ကဲ
ရင်ဆိုင်နိုင်ရင်
သခင်ကိုမျှော်နေတဲ့ မနက်ဖြန်
အထီးမကျန်စေနဲ့။   ။

( Sometime in 2008 )

🗓️19/04/2008