summer night

နွေည

ဆေးလိပ်တွေက တစ်လိပ်ပြီးတစ်လိပ်
နွေညတွေက တစ်ညပြီးတစ်ည၊
နေပြီးလ လပြီးနေ
အရှေ့အနောက်မျက်စိနောက်ရုံကူးခတ်လို့
ကျလာတဲ့ရက်တိုင်းဟာ ပြဿဒါး
ဒုက္ခပြီးမျှော်လင့်စရာဟာလည်း ဒုက္ခ
သင့်မှာပျော်ရွှင်ခြင်းရှိရင် ခဏငှားပါ။

အရပ်လေးမျက်နှာ
အရပ်ဆယ်မျက်နှာ
ကြည့်လေရာရာ မိုးသားမိုးရိပ်မမြင်
ဒါပေမယ့် မိုးရွာပါစေဆုတောင်းဆဲ
ဆေးလိပ်က တစ်လိပ်ပြီးတစ်လိပ်
နွေညတွေက တစ်ညပြီးတစ်ည
ဘီ(လ်)ဂိတ်က ဒီလိုပြောတယ်
ဆင်းဆင်းရဲရဲမွေးလာတာ သင့်အပြစ်မဟုတ်
ဆင်းဆင်းရဲရဲသေရလျှင် သင့်အပြစ်
အလုပ်အကိုင်က ကဗျာဆရာ
ယုံကြည်ကိုးကွယ်မှုက အချစ်နဲ့သစ္စာ
Jazz ဂီတကြိုက်တယ်
Cappuccino ကြိုက်တယ်
ပင်လယ်ကြီးလောက်ကျယ်တဲ့ သောကတွေကိုပိုင်ဆိုင်ပါတယ်
နေရောင်အောက်မှာနေထိုင်ပါတယ်
လေအေးပေးစက်ဖွင့်လိုက်ရင်
ကြယ်တွေကြွေကျလာလိမ့်။ ။

🗓️09/05/2009