ညတိုင်းကို အလွမ်းနဲ့ ယက်လုပ်ထားတယ်။
အသဲကွဲခြင်းနဲ့
အသဲကွဲသွားရခြင်းနဲ့
ခေါက်တုံ့ခေါက်ပြန်ကူးလျောက်လို့
ကျွန်တော့်ဘဝလေးလည်း သံသရာလည်။
ညီမလေး လက်ချောင်းတွေကြားက ရုန်းမထွက်နိုင်လို့
ဒီကဗျာကိုခေါင်းစဉ်မပေးတော့ဘူး။
အပ်တစ်ဖျားစာဘဝလေးမှာ
စကြာဝဠာကြီးလောက်ချစ်တဲ့အကြောင်းပြောတော့
ကျွန်တော့်ကိုယုံပါတယ်
သူ့ကိုတော့ မယံပါနဲ့ တဲ့။
သစ်ရွက်လေးပေါ်
လျောတိုက်လိမ့်ဆင်းလာခဲ့ပြီး
အဖျားမှာ တွဲလွဲခိုနေတဲ့ မိုးစက်လေးလို
ကျွန်တော့်ညီမလေး အချစ်က
ကျွန်တော့်ဘဝမှာ ခဏ နားခို။ ။
(30/4/2009)