မင်း သိပ်မုန်းတဲ့…ငါ

သိပ် မုန်းနေခဲ့သလား
ဆိတ်သုဥ်းစေတဲ့စကားကို ဆို
အလို
မျက်နှာနုနုလေး ညို လို့ပါလား။

တော်တော်အမြင်ကပ်သလား
ပေါ်ပေါ်တင်တင် ရက်စက်သွားတာ
ပြတ်သားမှု
ထွက်သွားအခု တဲ့။

အရမ်းစိတ်ပျက်တာပဲလား
အလွမ်းနှိပ်စက်လို့သာ
လာခဲ့တာပါကွယ်
ဘယ်…
မင်းတစ်ကယ် စိတ်ဆင်းရဲတယ်ဆိုရင်
(နောက်ဆို မင်းရှေ့မှာ)
ငါ့ကို မမြင်စေရပါဘူး။

ဘယ်လိုမှ မထူးတော့
အဝေးမှာပဲ ရူးနေတော့မှာ၊
ဘယ်လိိုမှ မဖြစ်တော့
အဝေးကပဲ ချစ်နေတော့မှာ၊
ဘယ်လိုမှ မမုန်းနိုင်တော့
အဝေးမှာပဲ အရှံးနဲ့ မှိုင်ကာ…
မင်း သိပ်မုန်းတဲ့ …ငါ။

(ကျောင်းသားဘဝ အပျော်တမ်းကဗျာများမှ)

🗓️21/02/2006